Saturday, August 9, 2008

ဆေးလိပ်သောက်ခြင်းဆိုတာ...


“ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်...” ဆိုတဲ့ သတိပေးကြော်ငြာတွေ တွေ့တိုင်းတွေ့တိုင်း၊ ချောင်းဆိုးတိုင်း ဆိုးတိုင်း၊ ဆေးလိပ်ဖြတ်မယ်လို့ ဆုံးဖြတ်ခဲ့တာ အကြိမ်ကြိမ်.. လစာထုတ်တိုင်း ထုတ်တိုင်း ဆေးလိပ်ဖြတ်မယ်လို့ ဆုံးဖြတ်ခဲ့တာလည်း အခါခါပေါ့.. ဒီတစ်ဗူးနောက်ဆုံး၊ ဒီတစ်လိပ်နောက်ဆုံး ဆိုတာကလည်း မနည်းတော့ဘူး.. ခုဏကအထိကို သောက်မိနေသေးတယ်.. ဆေးလိပ်သောက်တာ မကောင်းဘူးဆိုတာ သိသား.. ပညာပေးစာတွေလည်း ဖတ်ဖူးနေတာပဲလေ.. ဘာလို့သောက်နေသေးလဲလို့ မေးစရာပေါ့.. ဟုတ်ပါတယ်.. ဖြတ်မရတာပါ.. စိတ်ဓါတ်မခိုင်မာတာလား.. ဆေးလိပ်အရမ်းစွဲနေတာလား.. ဘာလို့ဖြတ်ဖို့ မကြိုးစားတာလဲ..!!

ကျနော် ဆေးလိပ်စသောက်တတ်တာ တော်တော်ငယ်သေးတယ် (၁၄) နှစ်သားလောက်က.. လ္ဘက်ရည်ဆိုင်ကစတယ်လို့ပဲ ပြောရမှာဘဲ ကိုယ့်ထက်အတန်းကြီးတဲ့ အစ်ကိုကြီးတွေနဲ့ ဆိုင်အတူထိုင်ရတာကို ပျော်နေခဲ့မိတာ.. သူတို့ပြောတာတွေ နားထောင် သူတို့လုပ်တာတွေ လိုက်လုပ်နဲ့ ကိုယ့်ကိုကိုယ်တော့ ဟုတ်လှပြီထင်နေခဲ့တာပေါ့.. လူကြီးဖြစ်ပြီပေါ့.. အဲ့လိုနဲ့ ဆေးလိပ်လေး သောက်တတ်လာရော.. စသောက်ခါစက အရသာကိုလည်း မသိပါဘူး ဖွာလိုက်ရတာ.. ရှိုက်လိုက်ရတာ.. ဆေးလိပ်လေး လက်ကြား ညှပ်ထားရတာကိုက အရသာရှိသလိုလို.. ဆေးလိပ်လေးခဲနေရတာကိုက စတိုင်ရှိသလိုလို အားနေရင် လ္ဘက်ရည်ဆိုင်ဘဲ ထိုင်နေချင်တာ.. တယ်ဟုတ်ပါလားပေါ့..

ဆေးလိပ်သောက်တာ မြင်သွားလို့ ဖေဖေ နားရင်းတီးတာလည်း ခံခဲ့ရဘူးတယ်.. ကျောင်းလွယ်အိပ်ထဲက ဆေးလိပ်ဗူးနဲ့မီးခြစ် တွေ့သွားလို့ မေမေငိုခဲ့ရတာကိုလည်း မှတ်မိနေသေးတယ်.. နောက်မသောက်တော့ပါဘူးလို့ ကတိပေးခဲ့တာလည်း အကြိမ်ကြိမ်.. အချိန်တန်ရင် လ္ဘက်ရည်ဆိုင်ပဲ သွားချင်နေတော့တာ.. လမ်းဘေးကွမ်းယာဆိုင်လေး တွေကလည်း ကလေးလူကြီး ဘယ်သူဝယ်ဝယ် ရောင်းတာပဲလေ နိုင်ငံခြားမှာလို အသက်ကန့်သတ်ထားတာကလည်း မရှိဘူးလေ.. အဲ့တော့ လွယ်လွယ်လေးပေါ့..

ရည်းစားစထားတတ်တဲ့ လူပျိုပေါက်အရွယ်လေး ရောက်ခဲ့ပြန်တော့လည်း ဆေးလိပ်ပြဿနာက ကြုံနေရတာ.. သိကြတဲ့အတိုင်းဘဲ ဆေးလိပ်နံ့ဆိုတာကလည်း အခက်သားလားဗျာ.. ပီကေတွေ ဂျင်တန်တွေ အငုံလွန်ပြီး အာခေါင်တစ်ခုလုံး ရစရာမရှိအောင်ပူပြီး နေရထိုင်ရ ခက်ချင်ခက်မယ် အနံ့ကပျောက်ကိုမပျောက်ဘူး.. ရည်းစားကလည်း ချက်ချင်းသိတယ်.. ညာလို့ကိုမရတာ.. သူစိတ်ဆိုး စိတ်ကောက်တာတွေ ခံရတိုင်း အတွေးထဲမှာ တွေးမိသေးတယ်.. ကျနော့်ရည်းစား တစ်ခြားကောင်မလေးတွေထက် အနံ့ခံအာရုံတွေများ အရမ်းကောင်းနေတာလားပေါ့... ဘယ့်နှယ်ဗျာ သူမို့လို့ သိ.. သိနိုင်လွန်း.. ဒီလိုနဲ့ အတော်လေးကြိုးစားခဲ့ရတဲ့ မရှိမဲ့ရှိမဲ့ ရည်းစားလေး တစ်ယောက်နှစ်ယောက်နဲ့ လွဲခဲ့ရတာတွေလည်းရှိပေါ့.. အသည်းတွေကွဲပြီး ငေါင်နေချိန်မှာတောင် ဆေးလိပ်က လက်ကြားညှပ်တုန်းဗျ.. အမှတ်ကို မရှိတာလေ..။

ဘယ်ဆိုင်မှာ ဝင်ထိုင်ထိုင် ဆေးလိပ်ဆိုတာ သောက်ချင်တဲ့နေရာမှာ သောက်ခွင့်ရှိနေတဲ့ ခေတ်ကြီးကလည်းဖြစ်ဆိုတော့... အင်းးး ခေတ်ကြီးကိုသာ လွှဲချရတာပါ... အဓိက ကတော့ “စိတ်” ပါဘဲ.. ဒီဆေးလိပ်ကြောင့်ဘဲ ပိုပြီးအန္တရာယ်ရှိတဲ့ မူးယစ်ဆေးဝါးဖက်နွယ်ပြီး ဘဝပျက်ရသူတွေ ဒုနဲ့ဒေးလေ.. စဉ်းစားကြည့်ဗျာ.. ဆေးလိပ်လုံးဝ မသောက်တတ်တဲ့ လူတစ်ယောက်က အဲဒါတွေဘက် ရောက်သွားဖို့ဆိုတာ မရှိသလောက်ပဲ မဟုတ်လား.. အားလုံးဟာ ဆေးလိပ်ကစတာ လို့ပြောရင် သိပ်တော့မှားမယ်မထင်ဘူး.. ကိုယ့်ကိုကိုယ် သိနေပါတယ်.. “ကျနော်ဟာ လူမိုက်”... အဆိုးတွေကို သိလျှက်နဲ့ ဆက်မှားနေတဲ့ လူမိုက်ကြီးပေါ့... မှားနေမှန်းသိနေလို့လည်း ပြင်ဖို့ ကြိုးစားနေတာ နှစ်တွေချို့ခဲ့ပြီ...

အခုအရွယ်ရောက်လို့ နားလည်လာတော့ နောင်တရမိတယ်.. ကလေးအရွယ် ညီငယ်လေးတွေ တွေ့တိုင်းလည်း ဆေးလိပ်မကောင်းကြောင်းတွေ ဆေးလိပ်မသောက်ရေးတရားတွေ ဟောချင်သေးတယ်.. ဆေးလိပ်သောက်တယ်ဆိုတာ တကယ်တော့ ဘာမှအဓိပ္ပါယ်မရှိ အကျိုးပြုတာလည်းမရှိ စိတ်ကို အလိုလိုက်ခြင်းသက်သက်.. ရောဂါဝယ်ယူနေခြင်းသက်သက် ဆိုတာ ပိုပိုသိလာတယ်.. “သူနဲ့မတွေခဲ့ရရင်ကောင်းသား ခုတော့ အချစ်ကြီးချစ်လို့ မုန်းခက်မေ့ခက် အဖြတ်ခက်နေပြီ” ဆိုတာလိုပေါ့.. မဖြစ်တော့ဘူး ကြာရင်သေရာပါလိမ့်မယ်..

“ကယ်.. သွားကွာ..” ဆေးလိပ်ဗူးရော မီးခြစ်ရော ဆေးလိပ်ခွက်ပါ အကုန်လုံး လွင့်ပစ်လိုက်ပြီဗျာ.. ဒီတစ်ခါတော့ ကျနော် တကယ်ဖြတ်ပြီဗျာ အားလုံးကိုလည်း ကတိပေးတယ်.. အဖေနဲ့အမေကိုလည်း ကျနော် တကယ်ကတိပေးပြီဗျာ လုံးဝ(လုံးဝ) မသောက်တော့ဘူးဗျာ.. ဆေးလိပ်သောက်ချင်စိတ် ဖြစ်လာရင် ကျနော့် “စိတ်” ကိုပါ ကျနော် အမှိုက်ပုံးထဲ လွင့်ပစ်တော့မယ်.. နောက်ဘယ်တော့မှ ဆေးလိပ်မသောက်တော့ဘူး..။


(ကိုရင်နော်)

ဓါတ်ပုံလေးကို Photobucket မှာတွေ့လို့ ကူးယူတင်ပြထားတာပါ..။

21 comments:

Anonymous said...

ကောင်းတယ် သွားကွာ ဆိုတဲ့ အတိုင်း ပြန်မကောက်နဲ့ တော့ဗျး) ဒီတစ်ခါ ချစ်သူလေးကိုတော့ မလွဲချင်ဘူးထင်ပါ့ ကိုရင် သိပ်ကြိုက်တဲ့ ဆေးလိပ်ကို တကယ်ဖြတ်လိုက်တယ်ဆိုတော့ :)

Anonymous said...

အမှိုက်ပုံးထဲက စိတ်ကို ပြန်မကောက်နဲ့အုံးဗျို့ :P

Anonymous said...

“ဆေးလိပ်ဖြတ်မယ်...အရက်လည်းဖြတ်မယ်..
ငါ မင်းလည်းဖြတ်ပြစ်မယ်....
ဆေးလိပ်နဲ့ အရက် မိန်းမတစ်ယောက်အတွက်..
ငါ ဒုက္ခရောက်တော့မယ်....
ကင်ဆာဖြစ်ပြီးသေရင်.....
ဒါ့...ဒါ့...ဒါ့...ဒါ...ဒါ....”

ဟက်..ဟက်....ငါနင့်ကို ကျားပေါက် သီချင်းလေး ဆိုပြတာနော်...

ဂယ်ဂြီးရား....!! နင့်ချစ်ချစ်....
“ဂျဂါးဂို နားထောင်ရော့မယ်ပေါ့ရေ..”
ဟေ့ယောင်... ငယ်ငယ်လေးကတည်းကပေါင်းလာတဲ့ ငါကတော့ လုံးဝ လုံးဝ ယုံဖူးးးး ကွ
များနေဘီနော်.....

Suburban Area said...

တကယ်လားဗျို့..ဆေးလိပ်ဗူးလက်ဆောင်လာပေးဦးမယ်...

တားမြစ် ထားသော... said...

ကျွန်တော်ကတော့ အားပေးသဗျာ။ လိုက်တော့ မလုပ်နိုင်သေးဘူး။ ကိုယ့်စိတ်ကို ကိုယ်တိုင်မနိုင်သေးလို့လေ။
ကိုရင်နော်ကြီး ဆေးလိပ်ကို အပြတ် ဖြတ်နိုင်ပါစေဗျို့။

မြရွက်ဝေ said...

အားပေးတယ်၊ ကြိုးစားဖြတ်ပါ။ အရက်က နဲနဲသောက်ရင် ကျန်းမာရေးအတွက် သင့်တော်တယ်လို့ ကြားဖူးပေမယ့်၊ ဆေးလိပ်တော့ တခါမှ မကြားဖူးဘူး။
頑張ってね。応援するよ。

မသက်ဇင် said...

ဆေးလိပ်ဖြတ်ဖို့ အတွက် ဈေးဆိုင်တွေမှာ ဆေးလိပ်အစား
ပီကေ၀ါးစရာလေးတွေ တင်ရောင်းတာတွေ့ ရတယ်။
ကျမတွေ့ ဘူးတဲ့ အသက် ၆၀ ကျော် အဖိုးနှစ်ယောက်ဟာ
ဆေးရုံတက်ရတော့ ငယ်ရွယ်စဉ်ထဲက ဆေးလိပ်သောက်
လာလို့ အဆုတ်တခုလုံးမဲပြီး ကင်ဆာတဲ့။
တကယ်တော့ အဖိုးတွေဟာ အသက်၁၂၀ ရှည်စေသော်
ဆိုတဲ့အတိုင်း နေရအုံးမှာပါ။ ခုတော့ 

Welcome said...

မန္တလေးသစ္စာအဆောင်ရှေ့ဂီတာသွားတီးရင်း ခြင်ကိုက်တာမခံစားနိုင်လို့ ဆေးလိပ်သောက် ဖြစ်ရင်း ကနေ ဆေးလိပ်ကိုနှစ်သက်သွား သေးတယ်။ စတိုင်လ်ထုတ်ချင်တာလဲပါတာ ပေါ့။ အခုတော့ မသောက်ဖြစ်တာ ၅ နှစ် ကျော်ပါပီ၊ ဆိုးကျိုးများပါတယ်။ ယတိပြတ် ဖြတ်နိုင်ပါစေဗျာ .. ..

RePublic said...

ကိုရင်ရေ .. ဆေးစာအုပ်ထဲမှာ ဆေးလိပ်က ဆိုက်ကိုလော့ဂျစ်ကယ် ဒီပန့်(depends) ၊
အရက် ကျတော့ ဖစ်ဆီရောလော့ဂျစ်ကယ် ဒီပန့်(depends) တဲ့ဗျ ၊၊ ကောင်းတယ် ဆေးလိပ်ဖြတ်လိုက် ၊၊
ဒါပေမယ့် ကမားတော် အစည်းအဝေးကိုတော့ မပျက်စေနဲ့ ..တိလား ၊၊ ဟီး

ကိုရင်ကြီးရေ ...ပျော်ရွှင် ဟက်ပီးနော် ၊၊

PP said...

အဘိုးဆေးလိပ်သောက်တာက ပိုဆိုးတယ်။ ဆေးပေါ့လိပ်ကို အဘိုးတို့ တမိသားစုလုံးခဲတာဗျ။ ဆေးတံတကားကားနဲ့ ဦးလေးက ပါသေး။ ဧည့်ခန်းကို အလုံပိတ် အဲယားကွန်းဖွင့်ပြီးကို သောက်တာ။ ထိုင်နေတဲ့လူဆို မမြင်ရဘူး။ မီးခိုးပဲ မြင်ရတာ။ :( မကောင်းဘူးနော် ကိုရင်နော်။ မြန်မြန်ဖြတ်။ ချစ်ချစ်ကို ရွေးမလား။ ကင်ဆာကို ရွေးမလား။ ဒါမှမဟုတ် ကိုရင့်နော် ချစ်ချစ်လေး ဆေးလိပ်ငွေ့တွေကြောင့် ကင်ဆာဖြစ်တာကို ထိုင်ကြည့်နေရတာ ရွေးမလား။ ~,~

မှတ်ချက်၊ ပေဖူးလွှာသည် မိသားစုထဲတွင် ထူးထူးခြားခြားဆေးလိပ်ကို အလွန်မုန်းပါသည်။ :(

Anonymous said...

ဗျိုး..ကိုရင်ကြီး.... ဆေးလိပ်ရောင်းတဲ့ဆိုင်တွေကို
စီးပွားကျအောင်ဆေးလိပ်မသောက်ပဲဆန္ဒပြတော့
မယ်ပေါ့(:P)
ကောင်းတယ်ဗျာ...ကြားရတာဝမ်းသာပါတယ်..အားပေးတယ်။
လွင့်ပစ်လိုက်တဲ့ဆေးလိပ်ဘူးကိုအမှိုက်ပုံးထဲကပြန်အကောက်နဲ့နော်..
ဒီတခါပေးထားတဲ့ကတိကအားလုံးသိအောင်ကြေငြာထားတာ
ဆိုတော့ကိုရင်သောက်တာတွေ့ရင်တော့နော်... ဟင်း...
မမငယ်နဲ့တိုင်ပြောပြီးကိုရင်ကိုအမှိုက်ပုံးထဲပါထည့်ဝဲပစ်လိုက်
မှာ။ (:P)

Anonymous said...

http://joyful4all.blogspot.com/2008/05/technology.html

Try electric cigarette rather than cigarette.

I have special type of cigarette for smoking treatment. Once the patients smoke that electric cigarette, they are able to stop smoking. But I haven't posted yet. I'll find and post for you when I found back the post.

Good luck! Ko Yin Naw


Jay
www.joyful4all.blogspot.com

လားရှိုးသူ said...

ကိုရင်နော် တကယ်ပြတ်နိုင်ပါစေရှင်။

ပန်းခရမ်းပြာ said...

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပါသည် ဆိုတဲ့ သတိပေးစာက ဆေးလိပ် ကြော်ငြာတွေ အတွက်လိုဖြစ်နေတာပါပဲ။
ကိုရင်နော် တကယ်ဖြတ်နှိုင်ရင်တော့ အကောင်းဆုံးပါ။
ဆေးလိပ်ကြောင့် တရားရုံးအထိ ရောက်ခဲ့ဘူးတဲ့ တစ်ယောက်အကြောင်း ရေးဘူးတယ်။ အချိန်ရရင် ဒီမှာ ဖတ်နှိုင်ပါတယ်။
http://pan-khayan-pyar.blogspot.com/2008/07/blog-post_23.html

Anonymous said...

ကိုရင်နော် ဆေးလိပ်မဖြတ်နိုင်ခင်မှာ လျှပ်စစ်ဆေးလိပ် ကို အစားထိုး သောက်စေချင်ပါတယ်။ ဆေးလိပ်ဖြတ် ပေးတဲ့ လျှပ်စစ် ဆေးလိပ်နောက်တမျိုး အကြောင်းကို ထပ်ရှာပေးပါမယ်။
ယခုတင်ထားတဲ့ ပို့ စ်ကို လာဖတ်စေချင်ပါတယ်.
http://joyful4all.blogspot.com/2008/05/technology.html
ဂျေ

လင်းဦး(စိတ်ပညာ) said...

အဟဲ... ဟုတ်တယ်.. ထောက်ခံတယ်... ဘာမှ ကောင်းကျိုးမပေးတဲ့ဆေးလိပ်.. ပိုက်ဆံလည်းကုန်သေးတယ်.. အရက်မကောင်းကြောင်းလည်း ရေးပါဦး... ဆက်လက် ဖတ်မယ်နော....

Anonymous said...

ကိုရင်နော် ခင်များ

လျှပ်စစ် ဆေးလိပ် ၀ယ်ချင်ရင် အောက်ကလင့် တွေမှာ စမ်းကြည့်ပါ။ ကျွန်တော့် ပို့ စ်ကို လာရောက် ဖတ်ရှု့ သွားတဲ့ အတွက် ၀မ်းမြောက်မိ ပါတယ်။

1. http://www.fullstarterkitonly19-99.co.uk/
2. http://www.electronicigarette.co.uk/?google-ads&gclid=CLqK_LOKhZUCFQEq1AodjC1orA
3.http://answers.yahoo.com/question/index?qid=20080709230918AAsEoba
4. http://www.liquid-shop.eu/create_account.php
5. http://cgi.ebay.co.uk/ws/eBayISAPI.dll?ViewItem&rd=1&item=200245071383&ssPageName=STRK:MESE:IT&ih=010

ဂျေ
www.joyful4all.blogspot.com

Anonymous said...

တစ်ကယ်ဖြတ်မယ်ဆိုရင်အရမ်းကောင်းပါတယ်ကိုရင်နော်ရေ..
အားပေးပါတယ်..
တစ်ကယ်ကိုဖြတ်ပစ်နိုင်ပါစေ..
ဘာမှမဟုတ်တဲ့ဆေးလိပ်ကိုစွဲစွဲလန်းလန်းသောက်နေလို့လည်း
ဘာအကျိုးမှမရှိဘူးလေ...

Anonymous said...

ကိုရင်နော်....အမှန်အကန်ကို အားပေးတယ်ဗျ။ ဆေးလိပ်ကို စိတ်နဲ့ နိုင်အောင်သာဖြတ်ပေတော့ ။ ဟီး ဒါနဲ့  ဘီယာရော ဟင် ????? ။ ချွန်သွားတာ ဟီးဟီး။

အညာသား said...

ကျနော်လည်း ဆေးလိပ်သမားပဲဗျ။ ဆေးလိပ်သောက်တဲ့ သူငယ်ချင်းတွေထဲမှာ.. ဆေးလိပ်ပြတ်သွားတဲ့ သူငယ်ချင်းကို ကျနော်အမြဲတမ်းလေးစားမိတယ်။ အားပေးပါတယ် အစ်ကို။ ကျနော်တော့ ဘယ်တော့မှ ပြတ်မလဲ မသိပါဘူးဗျာ..။ အစ်ကိုလဲ `ဒီတစ်ခါ...´ ဆိုတဲ့ ရည်ရွယ်ချက် အောင်မြင်ပါစေခင်ဗျာ။

Anonymous said...

ဝမ်းသာပါတယ် ဦးနော်ရယ် ...........

လေးစားလျှက်
ရောင်